This is default featured post 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured post 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured post 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured post 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured post 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Showing posts with label ဒိုးလုံးအကြောင်းဖတ်စရာများ. Show all posts
Showing posts with label ဒိုးလုံးအကြောင်းဖတ်စရာများ. Show all posts

Wednesday, July 13, 2016

ဖောက်ထွက်လာတဲ့ `ဒိုးလုံး´


♪ ♪ ဘ၀တစ်သက်စာ ... ဘ၀တစ်သက်စာ ... ငါချစ်လို့သွားမယ် ... မင်းတစ်ယောက်သာ ... 
ထာဝစဉ်မြတ်နိုးခြင်းနဲ့နှောင်ရစ်ပြီးချစ်ခဲ့ ... အကြိမ်ကြိမ်ဆိုရဲပါရဲ့ .. ငါအသည်းနှလုံးကွဲအက်ခံမယ် .... ♬ ♪

လက်ဖက်ရည်ဆိုင်လေးထဲကနေ ပလက်ဖောင်းပေါ်လွင့်ပျံလာတဲ့ သူ့သီချင်းတွေကို လူငယ်တွေ 
သတိထား ရင်ခုန်ဖြစ်ခဲ့ကြတယ်လို့ ဆိုရမှာပဲဖြစ်ပါတယ် ။ ဒိုးလုံးရဲ့ အော်တာနေးတစ် 
Alternative ဆိုပြီး ပရိသတ်တွေ စတင်စိတ်ဝင်တစားဖြစ်ခဲ့ကြရပါတယ် ။ Metal , Rap , Hip Hop ဆိုပြီး 
များပြားလှတဲ့ ဂီတဝေါရဟာရနယ်ပယ်ထဲကို သူက alternative ကိုသယ်ဆောင်လာခဲ့ပြီး ဒီကပရိသတ်တွေ 
စိတ်ဝင်တစားဖြစ်အောင် လုပ်ခဲ့ ကြိုးစားခဲ့ နိုင်သူတစ်ဦးပါပဲ။ ဒီလိုနဲ့ သူနဲ့တွေ့ဆုံဖြစ်တော့ ပွင့်လင်း
လွတ်လပ်ပြီး ခင်တတ်မင်တတ်ဖော်ရွေတတ်သူတစ်ဦးလို့ မှတ်ချက်ချဖြစ်ပါတော့တယ်။ 
ဂီတနယ်ပယ်ကို လမ်းသစ်ထွင်ဖောက်ထွက်လာတဲ့ ဒိုးလုံးနဲ့ စကားဝိုင်းစဖြစ်တော့ ....

ှQ - ကိုဒိုးလုံးနာမည်က အမည်ရင်းပဲလား ။
A - ဟုတ်ပါတယ် ။ အမည်ရင်းပါ ။

Q - ဇာတိက ဘယ်ကလဲ ။ 
A - တောင်ကြီးကပါ ။

Q - ကိုဒိုး က ခရစ်ယာန်ပဲနော် ။ 
A - ကျွန်တော် ခရစ်ယာန်ပါ ။

Q - ခရစ်ယာန်တစ်ယောက်ဖြစ်ရတဲ့ အတွက် ဂီတဘက်မှာ ပိုအောင်မြင်တယ်လို့ဆိုရင် 
ကိုဒိုးဘာပြောမလဲ။ 
A - ခရစ်ယာန် တစ်ယောက်ဖြစ်ရတဲ့အတွက် ကျွန်တော်ငယ်ငယ်က ဓမ္မတေးသီချင်းအမျိုးမျိုး
သီဆိုရင်း ဂီတဘက်မှာ ပိုပြီး ၀ါသနာပါ အားသန်လာတယ်။ အဆို ၊ အတီးတွေမှာ ပိုပြီး 
အတွေ့အထိများတဲ့အတွက် အောင်မြင်မှုမှာ ပိုပြီးအထောက်အကူဖြစ်လာရတယ်။ 
ဗီဇ ၊ ပိုး ၊ Skillful ဆိုတဲ့အပိုင်းကတော့ ဘုရားက ပေးမှသာရနိုင်တယ်လို့ ကျွန်တော်
ယုံကြည်တယ်။ 

Q - ကိုဒိုးရဲ့ သီချင်းတွေအားလုံးကို ကိုဒိုးပဲ ရေးသလား။ 
A - ကျွန်တော်ကိုယ်တိုင်မရေးဘဲ ဆိုတဲ့သီချင်း သုံးလေးပုဒ်အပြင် မရှိပါဘူး။

ှQ - ဂီတခံစားမှုမှာ သံစဉ်နဲ့စာသား ဘာကပိုပြီး အဓိကကျတယ်လို့ ထင်လဲ။ 
A - စာသားကောင်းလည်း သံစဉ်မကောင်းလို့ မဖြစ်သလို သံစဉ်ကောင်းလည်း စာသား
မကောင်းလို့ ဘယ်လို Top Song တစ်ပုဒ် ဖြစ်လာနိုင်ပါ့မလဲ။

Q - Copy နဲ့ မူပိုင်သီချင်းတွေအပေါ် အမြင်လေးပြောပါဦး။
A - Copy ဆိုတာ စာသား သို့မဟုတ် သံစဉ်၊ ဒါမှမဟုတ် (၂)ခုစလုံးကို Copy လုပ်တာကို 
Copy Song ။ မူပိုင်ဆိုတာကတော့ တစ်မျိုးမျိုးကို မှီငြမ်းဦးတော့ တစ်ခုကိုမှ Copy မလုပ်လို့ 
မူပိုင် Song။ ကျွန်တော်ဒီလိုပဲမြင်တယ်။

ှQ - ကိုဒိုးရေးခဲ့တဲ့သီချင်းတွေထဲမှာ ဘယ်သီချင်းကို အနှစ်သက်ဆုံးလဲ။ 
A - First Series အရိုးထိအောင်ရူးကို တခြားအခွေနဲ့ ၊ တခြားသီချင်းတွေနဲ့ယှဉ်ရင် 
အားလုံးလိုလို ကျွန်တော်နှစ်သက်တယ်လို့ ပြောလိုရနိုင်ပါတယ်။

Q - လက်ရှိဘာတွေလုပ်နေလဲ။ ဘာတွေဆက်လုပ်ဖို့ရှိလဲ။
A - ကျွန်တော်သီချင်းတွေရေးတယ်။ ဆိုတယ် ။ VCD ရိုက်ဖို့ ပြင်ဆင်နေတယ်။ 
ကျွန်တော် အဲဒါတွေပဲဆက်လုပ်ဖို့ ရှိပါတယ်။

Q - မော်ဒန်အန်းတစ်အပေါ် ကိုဒိုး ဘာပြောစရာရှိမလဲ။ ကျေနပ်နှစ်သက်နိုင်ရဲ့လား။
A - ပြောစရာအထူးအထွေမရှိပါဘူး။ ကျွန်တော်ဝါသနာပါတာကို လုပ်ရတယ်ဆိုတော့
 ကျေနပ်နှစ်သက်ပါတယ်။

Q - Alter Music ကို ဒီမှာ ကိုဒိုးကစတင်မိတ်ဆက်ခဲ့တယ်လို့ ယူဆကြတဲ့အပေါ် ကိုဒိုးအမြင်ပြောပါဦး။ 
A - ကျွန်တော့်ကို ဒီလို ယူဆကြတဲ့အတွက် ကျွန်တော့်အမြင်ကိုပြောရရင် ကျွန်တော် 
ဒီအတွက် ထင်မြင်ယူဆဖို့လောက် ဘယ်ကပါ့မလဲ။ ကျွန်တော့်ဘ၀တစ်ခုလုံးနဲ့
ရင်းပြီး ဒီလိုဖြစ်အောင် ကျွန်တော့်ဘ၀၊ ကျွန်တော့်တေးသီချင်းနဲ့ကျွန်တော်
တစ်ထပ်တည်းကိုဖြစ်နေပါပြီ။

Q - အားကျလေးစားခဲ့တဲ့ အနုပညာရှင်ရှိလား။ 
A - အများကြီးရှိတယ်။ အများကြီးကိုရှိတာပေါ့။

Q - ဂီတအပေါ် စိတ်ဝင်တစားဖြစ်တဲ့ အချိန်ကနေပြ်ီး Alter ဆိုပြီး ဖြစ်သွားတဲ့အထိ 
ဘယ်လိုတွေ့ကြုံ ဖြတ်သန်းခဲ့ရပါသလဲ။ 
A - ကျွန်တော့်အမေကိုမေးပြီး ၀တ္တုရေးပါဆိုရင်တောင် တစ်နေ့တစ်မျိုး မရိုးတဲ့ပုံပြင်တွေ 
ဇာတ်လမ်းတွေဖြစ်ဦးမှာလို့ ကျွန်တော့်အမေကဖြေပါလိမ့်မယ်။

Q - ဒိုးလုံးဆိုပြီးဖြစ်သွားတဲ့အချိန်မှာ အောင်မြင်ကျော်ကြားမှုအပေါ် သာယာမိသလား။ 
A - Fame ဆိုတဲ့ ကျော်ကြားမှုကို လဲလို့ မရဘူး။ ၀ယ်လို့မရဘူး။ ကျွန်တော်အရမ်းကို 
သာယာယစ်မူးနေလွန်းလို့ကျွန်တော့်အမေရဲ့ဆူပူမှုကို နေ့တိုင်းခံရတယ်။ 
နင့်ရဲ့သရဖူဟာ အေးတဲ့သရဖူမဟုတ်ဘူး။ ပူနေတဲ့ သရဖူတဲ့။ ဟုတ်လိုက်လေ။ 
ဒီအောင်မြင်ကျော်ကြားမှုကို ထိန်းထားနိုင်ဖို့၊ ထိန်းထားဖို့ ကျွန်တော့်ရဲ့ အဖိုးတန် 
Personal တွေတော်တော်များများပေးလိုက်ရ၊ လဲလိုက်ရပြီလေ။

Q - အရိုးထိအောင်ရူးကနေ အကောင်းဆုံးတေးအထိ ကိုဒိုးလုပ်ခဲ့တာ .... 
A - ကျွန်တော့်ရဲ့ Single ခွေတွေရယ်၊ ကျွန်တော့်ကို Wall Sheet ပေါ် ဓာတ်ပုံတင်
ကြော်ငြာတဲ့ခွေတွေကတော့ (၇)ခွေရှိပါတယ်။ တစ်ပုဒ် နှစ်ပုဒ် ပါဝင်သီဆိုတဲ့ ခွေတွေလည်း 
အရင့်အရင်တုန်းက ရှိပါသေးတယ်။

Q - အဲဒီအထဲမှာ ဘယ် Series ခွေကို အနှစ်သက်ဆုံးလဲ။ 
A - ခုနပြောသလိုပဲ ၊ ပထမဆုံးဖြစ်တဲ့ အရိုးထိအောင်ရူး အခွေလို့ဖြေရမှာပဲ။

Q - ကိုဒိုးကို အနုပညာရှင်တွေထဲမှာ စိတ်ရင်းကောင်းပြီး ဖော်ရွေသူတစ်ယောက်လို့မြင်ကြတယ်။ 
အဲဒီအချက်ဟာ လူမှုဆက်ဆံရေးအပိုင်းမှာ အားနည်းချက် ဒါမှမဟုတ် အားသာချက်ဆိုပြီး 
ကိုဒိုးဘယ်လိုမြင်လဲ။ 
A - သူများတွေရဲ့ အမြင်ကိုတော့ ကျွန်တော့်အပေါ် ဘယ်လိုမြင်မြင်၊ မြင်မြင်သမျှကို လက်ခံဖို့ အသင့်ပြင်ဆင်ထား
ပါတယ်။ ကျွန်တော်မြင်မြင်သမျှကိုလည်း ကျွန်တော့်ကိုချစ်ခင်အားပေးကြသော တေးချစ်သူအပေါင်းက နားလည်
လက်ခံပေးကြဖို့ တောင်းပန်ရမှာပေါ့နော်။

Q - ခေတ်ပေါ်ဂီတ Metal , Heavy Metal , Rap , Hip Hop တွေထဲကနေ ကိုဒိုးကို 
ဖောက်ထွက်လာသူလို့ပြောရင် ဘယ်လိုခံစားရမလဲ။ 
A - အဲဒီိလိုပြောလာရင်တော့ ကျွန်တော်ကျေနပ်ရပြီပေါ့ ။ ကျွန်တော် ဖောက်ထွက်လာနိုင်အောင်လို့ 
ဘ၀နဲ့ရင်းပြီး ကြိုးစားခဲ့ရပါတယ်။

Q - ဒိုးလုံးမဖြစ်ခင် ဘ၀ခရီးလမ်းက ကြမ်းတမ်းခဲ့သလား။ 
A - ကျွန်တော့်သီချင်းတွေဟာ ကျွန်တော်ရဲ့ တကယ့်ဘ၀တွေပါပဲ။

Q - ခေတ်အခြေအနေနဲ့ ဒီနေ့ အဆိုတော် အနုပညာရှင်တစ်ယောက် ဖြစ်လာတဲ့အခါမှာ 
မိမိဖြစ်တည်မှုအပေါ် ကျေနပ်နှစ်သက်နိုင်သလား။ 
A - ကျွန်တော်ရဲ့ ဖြစ်တည်မှုကို ကျွန်တော်ကျေနပ်တယ်။ မကျေနပ်ဘူးလို့ မပြောချင်ဘူး။ 
အဲဒီဟာတွေပြောရတာ ဦးနှောက်ထဲထည့်စဉ်းစားနေလို့ ပြီးမယ့်အရာတွေ မဟုတ်လို့ပါ

Q - Alter ဟာ မြန်မာတွေနဲ့ အသားကျပြီလား။
A - ကျွန်တော်မြန်မာပါ ။ ကျွန်တော့်တေးသီချင်းများဟာ နားသောတဆင်ကြတဲ့လူတွေနဲ့ 
အသားကျနေရင် Alter ဟာ မြန်မာတွေနဲ့ အသားကျနေပြီပေါ့နော်။
Q - မြန်မာ့ဂီတနယ်ပယ်မှာ ဘယ်ဝိုင်းကို အနှစ်သက်ဆုံးလဲ ။ 
A - No man is Perpect. No Band is perfect.

ှQ - အောင်မြင်မှုရရှိပြီးသား လူငယ်တစ်ဦးအနေနဲ့ မြန်မာလူငယ်ထုအပေါ် ဘယ်လိုသုံးသပ်မလဲ။
A - မြန်မာလူငယ်ထုဟာလည်း ကမ္ဘာ့တေးဂီတစီးကြောင်းကြီးထဲမှာ ကိုယ့်နည်းကိုယ့်ဟန်နဲ့တော့ 
လိုက်ပါလာပါတယ်။  ကျွန်တော်က သီချင်းပဲ ရေးတတ်ဆိုတတ်တော့ တေးဂီတအကြောင်းပဲ
ပြောရတာပေါ့နော်။

Q - ဘ၀တစ်ခုအောင်မြင်ဖို့ ဘာတွေလိုအပ်မယ်လို့ထင်ပါသလဲ။ 
A - ကျွန်တော်ဝါသနာပါတဲ့ တေးဂီတကို ကြိုးစားပြီး ဒိုးလုံးလို့ဖြစ်လာခဲ့တဲ့ ဒီကနေ့ ၊ဂီတမှာ 
အောင်မြင်မှုကိုရတယ်လို့ပြောရင်ရမယ်။ ဘ၀တစ်ခုလုံး မအောင်မြင်သေးတာတော့ 
ဘာလိုအပ်နိုင်တယ်လို့ မပြောတတ်ဘူး။

Q - ခေတ်ကိုဦးဆောင်ဖို့ ကိုဒိုးလုံးတို့မှာရော တာဝန်ရှိတယ်လို့ထင်ပါသလား။ 
A - လူမှာ တာဝန်တစ်မျိုးပဲ ရှိတယ်လို့ ကျွန်တော်ယူဆတယ်။ ရှေ့ကဦးဆောင်တဲ့တာဝန်ကိုမယူရင် 
နောက်ကလိုက်တဲ့ တာဝန်ကိုပဲ ယူရမယ်လေ။ ကျွန်တော်ကတော့ ရှေ့ကဦးဆောင်တဲ့တာဝန်ကိုပဲယူချင်တယ် ။

Q - အမျိုးသားကဇာတ်ရုံမှာ ဆုချိတ်ခဲ့တဲ့ သီချင်းလေးကိုရော ပြန်သုံးစွဲဖို့ အစီအစဉ်ရှိပါသလား ။ 
A - ပြန်သုံးစွဲဖို့ အစီအစဉ်ရှိပါတယ် ။

ှQ - ကိုဒိုးရဲ့ Studio နဲ့ပတ်သက်ပြီး အတွေ့အကြုံလေးတွေ ပြောပြပါဦး။ 
A - အဲဒီ Studion ကြီးက ကျွန်တော့်ဦးနှောက်ကို သွေးဆောင်ဖမ်းစားနေတဲ့၊ ကျွန်တော့်ကိုအနားမပေးတဲ့ 
စက်တွေလေ။ မကိုင်ဘဲ မနေနိုင်ဘူး။

Q - ကိုဒိုးလုံးအနေနဲ့ စာနယ်ဇင်း အင်တာဗျူးများအပေါ် အမြင်လေးပြောပါဦး။ 
A - စာနယ်ဇင်း အင်တာဗျူးတွေဟာ သူတို့အလုပ်တွေကို သူတို့လုပ်နေကြတဲ့သူတွေ။ 
အနုပညာသမားတစ်ယောက် မအောင်မြင်ခင်ဆိုရင် သူတို့နောက်ကိုလိုက်ရတယ်။ 
သူတို့ကမှ ကိုယ်ဖြစ်ချင်တာ၊ အနုပညာသမားတစ်ယောက်အနေနဲ့လူသိများထင်ပေါ်
ကျော်ကြားလာအောင် ပံ့ပိုးကြော်ငြာပေးမယ့် သူတွေဖြစ်တာကိုး ။ အောင်မြင်ကျော်ကြားပြီဆိုရင်တော့ 
သူတို့က အနုပညာသမားနောက်ကို လိုက်ကြရပြန်ရော။တစ်ယောက်တစ်လှည့် လိုက်တမ်း ပြေးတမ်းပေါ့နော်။

ှQ - ဒါက ပိတောက်မြေ မဂ္ဂဇင်းတိုက်အတွက် အင်တာဗျူးတာဆိုတော့ ကိုဒိုးအနေနဲ့ 
ပိတောက်မြေမဂ္ဂဇင်းကတဆင့် ပရိသတ်ကို ပြောချင်တာရှိရင် ပြောပါဦး။ 
A - ပိတောက်မြေမဂ္ဂဇင်းမှ တစ်ဆင့် ပရိသတ်အပေါင်း အထူးကျေးဇူးတင်ပါကြောင်းနဲ့ 
ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ၊ ဘုန်းကြီးကြပါစေလို့ ဆုတောင်းမေတ္တာပို့လိုက်ပါတယ်ခင်ဗျား ။ 
Bye Bye Them .

ပိတောက်မြေမဂ္ဂဇင်းကနေ တေးသံရှင် အဆိုတော်များနဲ့ တွေ့ဆုံပြန်ကြားပေးတဲ့ အစီအစဉ်လေးမှာ ကိုဒိုးလုံးနဲ့
တွေ့ဆုံပြီးတော့ ပရိသတ်အတွက် ခံစားရင်ခုန်နိုင်ကြစေဖို့ အင်တာဗျူးပြီးပြန်တော့ ဦးလူနီလမ်းထဲကအထွက်မှာ
အနောက်ဘက်မှာ ပြာရီမှောင်ညို့နေတဲ့ ကောင်းကင်ပြင်ကြီးကိုကြည့်ရင်း သင်္ကြန်လက်ဆေးမိုးများ ရွာဦးမှာလားလို့
တွေးဖြစ်ပါတယ် ။ သင်္ကြန်လက်ဆေးမိုး ရွာပြီးရင်တော့ ပိတောက်ပန်းတွေပွင့်ဝေ သင်းပျံ့ဦးမှာပဲလို့ ရင်ခုန်လိုက်မိပါတယ်။
ပိတောက်ရနံ့တွေနဲ့အတူ ကိုဒိုးလုံးကို ခူးဆွတ်ပြီး ပရိသတ်လက်ထဲထည့် ပေးလိုက်ရပါတယ်။ ပရိသတ်ရဲ့
ရင်ခုန်မှုများမှာ ကိုဒိုးလုံးရဲ့ အနုပညာများ လန်းဆန်းစွာ ပွင့်ဝေတည်မြဲနိုင်ပါစေလို့ ။
ပိတောက်မြေနှင့် ပရိသတ်များ ရွှင်လန်းချမ်းမြေ့ကြပါစေ။
စာစီကျေးဇူးရှင် တောင်ပေါ်ကငရှမ်း
‪#‎အမည်ရင်းမှာ‬ ခွန်နေလင်းနိုင်ဖြစ်သော်လည်း ဒိုးလုံးဟုသာ ဖြေကြားထားပါသည်။
ဤကား စကားချပ်။
အရိုးထိအောင်ရူး
ပထမအချစ်
https://my.pcloud.com/publink/show…
အသုံးမကျဘူး
https://my.pcloud.com/publink/show…
အဆိုးသံသရာ
https://my.pcloud.com/publink/show…
စိတ်လျှော့လိုက်
https://my.pcloud.com/publink/show…
ယုံကြည်ပါ
https://my.pcloud.com/publink/show…
ဥစ္စာမဲ့အထီးကျန်ခြင်း
https://my.pcloud.com/publink/show…
ချစ်ဦးမေ
https://my.pcloud.com/publink/show…
အရိုးထိအောင်ရူး
https://my.pcloud.com/publink/show…
ငြိမ်းချမ်းရာမဲ့
https://my.pcloud.com/publink/show…
အို..မလုပ်နဲ့ 
https://my.pcloud.com/publink/show…
အုန်းမစားနဲ့
https://my.pcloud.com/publink/show…
ငါ့အိပ်ခန်း
https://my.pcloud.com/publink/show…
ငါတမ်းတနေမှာ
https://my.pcloud.com/publink/show…
ကျေးဇူးပဲ
https://my.pcloud.com/publink/show…
တခွေလုံးလင့်ခ်
https://my.pcloud.com/publink/show…

ဒိုးလုံးရဲ့ အင်တာဗျုးလေးပါ...


ဒိုးလုံးရဲ့ အင်တာဗျုးလေးပါ... 

“ပေါမိုက်တေလေ ငပေဒိုးလုံးရဲ့ Performance Art တစ်ခု”


ဒိုးလုံးက Alter ချည်းပဲ လုပ်ခဲ့သူဆိုတော့ Alter ကို ဘယ်လို ဖွင့်ဆိုပေမးလဲ။
-Alter အကြောင်းဖွင့်ဆိုချက်ဆိုရင် စာဆန်ဆန် ပြောလို့ရှိရင် ရင်တွင်းဖြစ် 
အရင်းနှီးဆုံးသော သံစဉ်ဖြစ်ပါတယ်။ လူငယ်ဆန်ဆန် ပြောရရင်တော့ 
“ဟေ့ကောင်တွေ ပျော်ပျော်သာနေကြ၊ လုပ်ချင်ရင်သာလုပ်၊ ကိုယ့်စိတ်ထဲမှာ 
ရှိတာတွေကို ကိုယ်တတ်ရင် တတ်သလောက်သာလုပ်၊ ပြီးရင် ကိုယ်ကျေနပ်၊ 
တန်တယ်၊ ကျေနပ်တယ်ဆိုရင် ဒါပဲ။ Free လွတ်လပ်ချင်တယ်ကွာ ဒါပဲ”။

ဒိုးလုံး စန္ဒယားတီးတယ်နော်။
-တီးတယ်။ တကယ့် Main ကတော့ စန္ဒရားတီးတာပေါ့။ စန္ဒရားမတီးတာ 
(၁၀)နှစ်လောက် ရှိမှာပေါ့။ ကျွန်တော် နံပါတ်(၁)က Classic တွေ တီးခဲ့ရတာ။ 
ကျွန်တော့်အမေက ကျွန်တော့်ကို တုတ်နဲ့ရိုက်တာ။ ကျွန်တော်ဘောလုံး 
မကန်တတ်ဘူး။ သူများ ဘောလုံးကန်နေတဲ့ အချိန်မှာ ကျွန်တော်က 
မျက်ရည်နဲ့မျက်ခွက်။ ပီယာနိုတီးနေရတာ အဲဒီလိုမျိုး။

မိန်းမရတာနဲ့ အမေရတာတွေရော ကံကောင်းခဲ့ရဲ့လား။
-ကျွန်တော်ကနှစ်ခုစလုံးကို ကံကောင်းတယ်။ သူတို့တစ်တွေက ကျွန်တော့်စိတ်ကို 
အရမ်းနားလည်ပေးတယ်ဗျာ။ ကျွန်တော် လုပ်ချင်ရာကိုလုပ်။ ကျွန်တော့်ရဲ့စိတ်။ 
ကျွန်တော့်ရဲ့ စိတ်ဆန္ဒပေါ့နော်။ ကျေနပ်နေမယ် ဆိုရင်လုပ်။ ကျွန်တော်က အမြဲပဲ 
သူတို့နှစ်ယောက် မျက်နှာကို ကြည့်တယ်ခင်ဗျ။ ကျွန်တော့်ကမ္ဘာကြီးပါ။ 
သူတို့ စိတ်ဆင်းရဲနေတယ်ဆိုရင် ကျွန်တော်ကမ္ဘာပျက်ပြီဗျ။ သူတို့ကလည်း 
ကျွန်တော့်ကို အရမ်းအလိုလိုက်တယ်။ နားလည်တယ်ဗျ။ အခုအနုပညာလုပ်တယ်
ဆိုရင် “စက်တွေ” လိုချင်တယ်ဆိုရင် ၀ယ်ပေးတယ်။ ၀ယ်။ အဓိကကတော့ အပြင်မသွားနဲ့။ 
သူတို့က အဲဒီတစ်ခုတော့ ရှိတယ်ပေါ့။ အပေါင်းအသင်းတွေ မများမိစေနဲ့။ အိမ်ထဲမှာနေ။ 
အိမ်ထဲမှာဆိုရင် ကြိုက်တာလုပ်။

ခင်ဗျားအသက် ဘယ်လောက်ရှိပြီလဲ။
-၂၅နှစ်၊ အခုလာမယ့် ၁၄ ရက်နေ့ဆိုရင် ၂၅ နှစ်ပြည့်မယ်။ 
(မှတ်ချက်- အင်တာဗျူးမှာ ၂၀၀၃ ခုနှစ်ဖြစ်သည်။)

ငယ်ငယ်တုန်းက စန္ဒရားတစ်လုံးက...။
-အမေ၀ယ်ပေးတာ။

မိုးမိုးနဲ့ပါပါးက...။
-ဦးစတင်းဖိုဒ့်နဲ့ ဒေါ်ဌေးဌေးယု။

အဲဒီတော့ ငယ်ငယ်တုန်းက ပီယာနိုဝယ်ပေးခဲ့ပြီ။ ခုကြီးတော့ စတူဒီယိုပစ္စည်းတွေ ၀ယ်ပေးတယ်ပေါ့။
-Studio ပစ္စည်းတွေကတော့ ကျွန်တော်ဝယ်တာပေါ့။ မိန်းမနဲ့ အတိုက်အခံ လုပ်ပြီးတော့ 
ကျွန်တော်က “ကား”မစီးဘူး။ ဖုန်း မကိုင်ဘူး။ ကျွန်တော်လုပ်ချင်တာက ဒါပဲ။

့မြန်မာ့ခေတ်ပေါ်ဂီတမှာ Alter ကိုစတင်သွင်းတာ ဒိုးလုံး နဲ့ The Ants တို့ပေါ့နော်။
-The Ants နဲ့ ကျွန်တော်နဲ့ စတာပါ။ ဒါပေမယ့် ကွဲသွားကြတာ။ အဲလိုကွဲသွားကြတော့
 ပြိုင်လို့ရပြီ။ မင်းတို့အရင်ထွက်မလား။ ငါအရင်ထွက်မလား၊ နာမည်ယူကြရတော့မှာကိုး။

မောင်မောင်ဇော်လတ်တို့နဲ့လား။
-အင်း The Ants နဲ့ ကျွန်တော်နဲ့ လိုင်းကွဲသွားရတာ “ကိုလေးဖြူ” ကြောင့်။ ကိုလေးဖြူက 
ကြားကနေ ကျွန်တော့်ကို လာချုပ်တာ။ ကဲ ဒိုးလုံး မင်း The Ants မှာဆိုလို့ရှိရင် 
(The Ants ထုတ်လုပ်သူက လေးဖြူ) တခြား ဘာခွေမှ ဆိုလို့မရတော့ဘူး။ 
အဲဒါနဲ့ ကျွန်တော့်အမေကို ကျွန်တော်ပြောပြတယ်။ အဲလိုပဲ။ ကျွန်တော့်ကို စာချုပ်ချုပ်တယ်။ 
အဲတော့ အမေက “မဆိုနဲ့ ငါ့သားရေ။ ငါလုပ်ပေးမယ်”ဆိုတော့ အဲဒါနဲ့ The Ants နဲ့ 
ကွဲသွားရော။ Alternative ဆိုတာ မြန်မာပြည်မှာ ပြောရဲပါတယ်။ အခုလက်ရှိ စီးဆင်းနေဆဲ
 သွေးထဲမှာ ရှိတာ အယ်နောင်းရယ်။ အယ်ဖြူရယ်၊၊ ဇော်လတ် (မောင်မောင်ဇော်လတ်) ရယ်၊ 
ကျွန်တော်ရယ်ပဲ ရှိတာပါ။ ဒါအခိုင်အမာ ရှိတာ။ ကျွန်တော်အခု ပြန်ပေါင်းစပ်ဖို့ အစီအစဉ် 
အများကြီးရှိတယ်။ အဲမှာ သူ့မာနနဲ့ ကိုယ့်မာန ပြိုင်ကြတာ။ ဘယ်သူအရင်ထွက်မလဲကွ 
ဆိုပြီးတော့။ ဒီ Alternative တွေကို မြန်မာနိုင်ငံမှာ ဘယ်သူအရင်လုပ်မလဲ ဆိုပြီး ကြိုးစားခဲ့ကြတာ။ 
အဲလိုကျတော့ ကျွန်တော်အရင် ထွက်တယ်။ Quality ကအစ၊ မခံချင်စိတ်နဲ့ ကြိုးစားလိုက်တာ၊ 
ကျွန်တော် အဲဒီတုန်းက....

Alter ပဲလုပ်လုပ်၊ ဘာ Music ပဲလုပ်လုပ် သင်ရိုးကတော့ ကြေဖို့လိုမယ် ထင်တာပဲဗျာ။ 
ဘာလို့ဆိုတော့ ခင်ဗျားကိုပဲ ကြည့်လေ။ ခင်ဗျားက ပီယာနိုတီးလာတာလေ။
-ကြေရတာပေါ့။ ကျွန်တော် International Grade 1 ကြေလိုက်တာမှ မွတ်နေတာပဲ။ 
World Standard ရဲ့ Grade 1 နော်။ အသက်အားဖြင့် (ဒုတိယတန်း) ကနေပြီးမှ ၈ တန်းအထိ 
ကျွန်တော်တီးခဲ့ရတာ။ ဘာသီချင်းမှ မတီးရဘူး။ Notes တွေချည်း တီးခဲ့ရတာ။

ခင်ဗျားတို့ အားလုံးက တကယ့်အတီးသမားတွေချည်းပါပဲ။
-ကျွန်တော့်အပေါ် လူတွေရဲ့ အမြင်က တစ်မျိုးပေါ့နော်။ Alternative ဆိုတာ ဘာမှမတတ်ပဲ 
လုပ်လို့ရတယ်ပေါ့ဗျာ။ တကယ်က ကျွန်တော်တို့ မြင်တာက အဲဒါတွေကို သွေဖည်ရတာလို့။ 
ဟုတ်တယ်မဟုတ်လား။ ဥပမာဗျာ A.. Cm ... F..G တီးနေတဲ့သူတွေ၊ ဒီ Music တွေက ငြီးသွားပြီဗျာ။ 
ကျွန်တော်တို့က သိသိကြီးနဲ့ တမင်ချိုးပြီး လုပ်ယူရတာ။ လူတွေက အမျိုးမျိုး နားလည်မှု လွဲနေကြတယ်။ 
ဒါပေမယ့် ကျွန်တော်က ပြောပြပါတယ်။ ရင်တွင်းဖြစ် အရင်းနှီးဆုံး သံစဉ် ဆိုတော့ မပုတ်ခတ်ပါဘူး။ 
A ရယ်၊ Cm ရယ်၊ F ရယ် G ရယ် တီးတတ်ရင်လည်း သီချင်းရေးလို့ ရတယ်နော်။ 
သူ့ခံစားချက်နဲ့သူ ရေးလို့ရတယ်။ ဒါ Alter ပဲ။ ကျွန်တော်ဆိုလိုတာက 
ဒူ...ထပ်...ထပ်.. ဒူထပ် ဆိုတဲ့ Drum Pattern မျိုးမှ Alter မဟုတ်ဘူး။ လူတွေကလည်း 
အဲဒါလည်း အစွဲအလမ်း ရှိသေးတယ်။ မဆိုင်ဘူး၊ ရေး။ ကိုယ်စိတ်ကျေနပ်မယ်၊ စိတ်ချမ်းသာတယ်၊ 
ကိုယ်ကျေနပ် နေတယ်ထင်တယ်ဆိုရင် လုပ်ပစ်လိုက်။ Nirvana ရှောသွားတယ်။ 
Sucide လုပ်တယ်။ သူကျေနပ်တယ်၊ သူတန်တယ်ထင်လို့ သူသိမ်းလိုက်တာလေ။ 
တစ်ကမ္ဘာလုံးကို သိမ်းလိုက်တာလေ။

ဒိုးလုံးရဲ့ Ideal (စံပြပုဂ္ဂိုလ်)ပေါ့။ ဘယ်သူတွေ ရှိမလဲ။
-ကျွန်တော်လေးစားတဲ့ ပုဂ္ဂိုလ်တွေ ဆိုလို့ရှိရင် Queen ရယ်၊ နံပါတ်(၁)က Queen ကွာ။ 
Skid Row ကကောင စပတ်ရှဲဗတ်၊ အဲဒီကောင် အရမ်းရိုင်းတယ်ကွာ။ အဲဒါကို ကြိုက်တယ်။ 
အဲလစ်အင်ချိန်းရယ်။ နဗားနားက ကတ်ကိုဘိန်း ရယ်ပေါ့။ Alternative ဘက်မှာတော့ 
အဲလစ်အင်ချိန်းနဲ့ ကတ်ကိုဘိန်း။ ကျွန်တော် စံထားတာပေါ့။ သူတို့ရဲ့ သွေဖည်တဲ့ဟာတွေကိုပေါ့။ 
ဘာကြောင့်လဲဆိုရင် ကမ္ဘာပေါ်မှာ သူတို့ပဲ ရမ်းနေကြတာပဲ၊ လုပ်နေကြတာပဲလေ။

Santana ပြန်ဖြစ်လာတဲ့အပေါ် ဒိုးလုံးအမြင်၊ ကားလိုစ့်စန်တာနာဆိုတာ တစ်သက်လုံး 
လက်တင်မုဒ်တွေချည်း တီးခဲ့သူကြီးဗျာ။
-လောကကြီးမှာဗျာ လူတွေက ရှင်းရှင်းပြောရလို့ရှိရင် ဘောင်းဘီက အတိုကနေ ရှည်သွားတယ်။ 
ရှည်သွားရာကနေ တိုသွားပြန်ရော၊ ပွသွားတယ်။ ပွပြီးတော့ ကျဉ်းသွားတယ်။ ဟုတ်တယ်နော်။ 
အကျီရှည်လာတယ်၊ တိုသွားတယ်။ ကျယ်သွားတယ်၊ ကျုံသွားတယ်၊ ဒါပဲရှိတယ်။ 
Limit ဟုတ်တယ်ဟုတ်။ ဒီ Santana ကိုလည်း ငြီးငွေ့လို့ အီသွာ့းလို့ရှိရင် ဘာပြောမလဲ။ 
ဒါမကောင်းပါဘူး။ မေ့သွားရော။ နောက်တစ်ခါ တစ်ကြော့ပြန်လာပြန်ရော။ အသစ်အဆန်းကြီးလိုဖြစ်လို့။
 ကောင်းတယ်၊ ဒါကြီးကောင်းတယ်။ ဒါပဲ နောက်ဆုံးတော့။ ကျွန်တော့်အမေက ကျွန်တော်မွေးကတည်းက 
Carpenter တို့ ABBA တို့နဲ့ ကြိုက်ခဲ့ ကြီးပြင်းခဲ့ရတာ။ ကျွန်တော်မှီတယ်နော်။ 
ခုနကျွန်တော်ပြောခဲ့သလို ဘာမှ Foundation မရှိတဲ့ သူတစ်ယောက်က ဂီတကော့ဒ် သုံးလေး၊ 
ငါးခု တီးတတ်ရင် သီချင်းရေးလို့ရတယ်။ တကယ့်ကို အခြေခံကို ကျကျနန လုပ်ပြီးတော့မှ 
အကုန်လုံးကို သိပြီးတော့ အကွက်ကျကျ ဆင်ပြီးရေးသွားတာ။ (ဒါက ရေးတာတစ်ခုနော်)။ 
အဲဒါတောင်မှ True Story ဆိုတာလိုတယ်။ “ရင်ဘက်ထဲက နာနေရတဲ့ဟာ”။ အဲဒီ True Story 
ဆိုတာ လိုတယ်။ ငါ ဒီအချိန်မှာ ကြေကွဲနေတယ်။ ငါ အဲဒီကြေကွဲနေတာ စာသားတွေက 
ကဗျာဖတ်ထားတဲ့ အထဲက (ကဗျာထဲက) စာသားတွေ မဟုတ်ဘူး။ ဒီရင်ဘက်ထဲက ထွက်နေတဲ့ 
စာသားတွေ။ တစ်မျိုး မမြင်နဲ့နော်၊ ကျွန်တော်ဆိုရင် လုံးဝကဗျာ မဖတ်ဘူး။ လုံးဝ ရင်တွင်းဖြစ် 
အမှန်အကန်ပဲ ရေးတာ။ ကျွန်တော့် သီချင်းတွေကို ကြည့်လိုက်ပါ။ ကျွန်တော့်ကို အခု
သီချင်းလာအပ်တဲ့ သူတွေ အများကြီး ရှိတယ်။ ကျွန်တော် ပိုက်ဆံယူပြီးသွားရင် ဘာပြောသလဲဆိုတာ 
ကျွန်တော့်ကိုစောင့်ပေးပါ။ တစ်လလောက်တော့ အနည်းဆုံး စောင့်ပေးပါ။ ကျွန်တော် ရင်တွင်းဖြစ်၊ 
ကျွန်တော့်ရင်ထဲက ဟာပဲ ရေးပေးချင်တယ်။ ကျွန်တော် စိတ်ဆိုးနေလို့ရှိရင် ကျွန်တော့်သီချင်းက 
မြန်နေမယ်။ ကျွန်တော် ပေါက်ကွဲချင်ရင်လည်း ကျွန်တော့်သီချင်းက အဲလိုမျိုး၊ ကျွန်တော် ချစ်နေတယ် 
ဆိုရင်လည်း အချစ်တွေ ရေရေလည်လည် နုရွတာပေါ့၊ လာတာပေါ့။ ကျွန်တော်က အဲဒီလိုမျိုး စာမဖတ်ဘူး။ 
ကဗျာမဖတ်ဘူး။ အဲလိုမျိုး... ဒါကြောင့် ကျွန်တော့်ရင်ထဲက ထွက်တဲ့ ဟာတွေပဲ။ ပင်ကို ရင်တွင်းဖြစ်တွေပဲ။ 
ခုနကပြောခဲ့တဲ့ ငယ်ငယ်တုန်းက သင်ကြားခဲ့ရတာ။ ဒီစည်းတွေ၊ ဘောင်တွေ၊ ဒီဟာတွေ ပေတံ တွေပဲ။ 
အနုပညာနဲ့ မဆိုင်ဘူး။ ပေတံတစ်ချောင်းပဲ။ ဒါ ကလေးတစ်ယောက် လမ်းလျှောက်တတ်အောင် 
သင်ပေးသလိုပဲ။ အဲလိုမျိုး။

Modern Rock တွေရော ဒိုးလုံး စိတ်ဝင်စားလား။
-အခုပဲ ကြည့်လေ။ Alternative ဆိုတာ အကုန်လုံး Modern Rock တွေပဲ။ Alternative ကနေ 
ဆင်းသက်လာတဲ့ Family ကို ဆွဲချလိုက်ရင် Alternative Version ဆိုရင် အကုန်လုံးက 
Modern rock တွေချည်းပဲ။အဲဒီကနေ ခွဲထွက်သွားတာ။ Modern Rock ဆိုတာ Alter 
ကလာတဲ့ ရေသောက်မြစ် တစ်ခုပါပဲ။ အရင်တုန်းက Rock ကနေ စခဲ့တယ်။ ပြီးတော့ 
Heavy Rock ၊နောက်တော့ Heavy Metal ။ အဲဒီလိုပဲပေါ့။ အခု Alternative Version 
ဆိုခြင်းကြောင့် Modern Rock တွေချည်းပဲ လာမှာပေါ့။ အဲဒီမှာ Pop တွေ ဘာတွေ မပါတော့ဘူး။ 
Heavy တွေလည်း မပါတော့ဘူး။

ဟန်သစ်မဂ္ဂဇင်းမှာ ပါခဲ့တဲ့ Alter အဓိပ္ပါယ် ဖွင့်ဆိုချက်တွေကို ဒိုးလုံး ဖတ်ခဲ့ရသလား။
-ဖတ်ရတယ်။ အဲဒီမှာ ကျွန်တော်ဖြေထားတယ်လေ။

ဒိုးလုံးရဲ့ အဲဒီတုန်းက ဖွင့်ဆိုချက်နဲ့ အခုထက်ထိတော့ ဒါပဲလေ။ သူတို့ဖွင့်ဆိုခဲ့တဲ့ အပေါ်မှာ 
ခင်ဗျားဘယ်လိုမြင်သလဲ။ ဒီမေးခွန်းကို မေးရဲတာက ခင်ဗျားက ခင်ဗျား အဓိပ္ပါယ် ဖွင့်ခဲ့သလို 
Alter ဖြစ်လာခဲ့လို့ပါပဲ။
-ကျွန်တော် အဲဒီအချိန်ကတော့ ကိုယ့်အယူအဆနဲ့ ကိုယ်ပေါ့နော်။ ကိုယ့်ရဲ့မွေးဖွားရာ၊ ကိုယ့်ဇာတိ၊ 
ကိုယ့်သန္ဒေ၊ ဒီအပေါ် မူတည်ပြီးတော့ လူတွေဟာ စဉ်းစားတွေးခေါ်တတ်တာလေ။ သိတယ်မဟုတ်လား။ 
သူတို့ပြောတာလဲ သူတို့မှန်နေတာပဲလေ။ ကျွန်တော်ပြောတာလဲ ကျွန်တော်မှန်နေတာပဲ။ 
ဒါပေမယ့် လူတွေအများကြီးကို ကြည့်လိုက်။ ဘယ်သူ့ရဲ့စကားကို လက်ခံသလဲ၊ ဘယ်သူတွေက 
လက်ခံသလဲ။ အဲ့ဒီဟာကို ကြည့်ရတာပေါ့။ အချင်းချင်း ရန်တိုက်ပေးသလိုတောင် ဖြစ်တယ်။ 
ဒီမေးခွန်းတွေကလေ။ ဒါကြောင့် ကျွန်တော်ပြောတာ ရင်တွင်းဖြစ်ပဲ။ လွတ်လပ်ခြင်းတစ်ခုပဲ။ 
လွတ်လပ်ခြင်း ဆိုပေမယ့် ၀ရုန်းသုန်းကားတော့ မလုပ်နဲ့၊ မရဘူး။ ရင်တွင်းဖြစ် အရင်းနှီးဆုံး 
သံစဉ်ဖြစ်ရမယ်။ ကိုယ့်ကိုယ်ကိုဟန်မဆောင်နဲ့။ မလိမ်နဲ့၊ မညာနဲ့ ကိုယ်တတ်တဲ့အတိုင်း ၊ 
ဘာမှရှက်စရာ မရှိဘူး။ ကိုယ်ကျေနပ်တယ်၊ တန်တယ်ဆိုရင် လုပ်ပစ်လိုက်။ ဒါ Alter ပဲ။

ခင်ဗျားသီချင်းရေးတော့ Drum Patterm ကိုအရင်ချရေးသလား။
-ကျွန်တော်များသောအားဖြင့် သီချင်းကို Chord Phrasing အရင်ရေးတာ ရှိတယ်။ ကျွန်တော် 
အမျိုးမျိုးရေးတယ်။ ဘာမှမပါဘဲ ပါးစပ်နဲ့ သီချင်းစာသားနဲ့ပဲ ခရီးသွားနေရင်းလည်း ရေးတယ်၊
 နောက်ပြီး Drum Pattern တွေ အကုန်စီပြီးတော့မှလည်း ရေးတယ်။

ခုကာလမှာ ကျွန်တော့်အယူအဆက Lyric,Composer, Musician အားလုံး Home Studio နဲ့ 
Computer ရှိရမယ်ထင်တယ်ဗျ။
-မယူဆနဲ့၊ မှားသွားမယ်။ အဲဒါတွေက “အဆိပ်”တွေ။ ဒီအနုပညာကို ဖန်တီးးပေးတဲ့ စက်ပစ္စည်းတွေ 
အားလုံးသည် အဆိပ်တွေလို့ မှတ်ထားလိုက်၊ လုံးဝအဆိပ်တွေ။ ဘာလို့လည်းဆိုတော့ တကယ်
ဦးနှောက်စားတယ်။ ကျွန်တော်တို့ရဲ့ တွေးခေါ်နေတဲ့ Mind တွေကို ဖျက်ဆီးတယ်။ 
သူကဒုက္ခပေးနေတယ်လေ။ ဘယ်နား Harm ထွက်နေမှန်း မသိဘူး။ ကိုင်း ဒီကကောင်က 
လိုက်ရှာနေရပြီ။ အဲဒီမှာ ကျွန်တော်စဉ်းစားနေတဲ့ စာသားတွေက ပျောက်သွားရော။ 
ခံစားချက်တွေ ပျောက်သွားရော။ Pattern တွေအတွက်တော့ အဆင်သိပ်ပြေတာပေါ့။ 
ဒါပေမယ့် အဆိပ်ပဲ။ အမှန်က “လက်”နဲ့ တီးရမှာလေ။ ဒီကောင်တွေကတော့ တီးစရာမလိုတော့ဘူး။
 ရေရေလည်လည် ကောင်းတာကိုး။ တီးစရာ မလိုတော့ဘူး။ ခလုတ်နှိပ်လိုက်တာနဲ့ တန်းလာပြီး 
အလွယ်လိုက်သွားပြီ။ အလွယ်လိုက်သွားပြီ ဆိုကတည်းက ကျွန်တော်တို့သည် ကြိုးစားချင်တဲ့စိတ် 
တစ်ဝက်လျော့သွားပြီ၊ အကောင်းဆုံးကို အကြံပေးရရင် Hollow Guitar လေးတစ်လုံးဟာ အကောင်းဆုံးပဲ။

ဒိုးလုံးရဲ့ အခု Home Studio လုပ်ထားတာက သီချင်းရေးဖို့လား။
-ဒါက ကျွန်တော့်သီချင်းတွေ အတွက်ပဲ။ ကျွန်တော့်သီချင်းတွေကို စိတ်ကူးပေါက်ပြီး တရေးနိုးမှ 
ရလို့ရှိရင် ထဆိုလို့ ရအောင်လို့ပါ။ Main က အဲဒါပဲ။ စီးပွားဖြစ်တော့ မလုပ်ပါဘူး။ 
ကျွန်တော် သူများသီချင်း အပ်ရင်လည်း ရေးပေးပါတယ်။ ကျွန်တော်စ၀င်လာတ အဆိုတော်အနေနဲ့ 
စ၀င်လာတာ မဟုတ်ဘူး။ Composer Life နဲ့ စခဲ့တာပါ။

ဦးကျော်က ခင်ဗျားကို မစားလိုက်ဘူးလား။ DVD ခွေမှာလေ။
-စားတယ်လေ။ ...........................................ကျေနပ်အောင် ၊တန်အောင်။ သူကလည်း 
ကျွန်တော့်ကို စားတယ်၊ ကျွန်တော်ကလည်း သူ့ကိုစားတယ်။ သူက Alter ပြန်လာပြီး 
တက်သိမ်းလို့ ရမယ်ထင်တာ။ လုံးဝ မရဘူး။ ကျွန်တော်ကတော့ ချက်ချင်းသိသွားပြီ။ 
မရတော့ဘူး။ တာ့တာလို့။

အခု DVD အသစ်လုပ်ဖို့ ရှိသလား။
-မရှိသေးဘူး၊ တစ်ကိုယ်တော် အခွေပေါ့။ နံပါတ်၎ အခွေပေါ့။ ဒီကောင့်ထက် (ဒိုးလုံး 
အကောင်းဆုံးတေးများကို ရည်ညွှန်းခြင်း ဖြစ်ပါသည်) ကောင်းတဲ့ အခွေတစ်ခွေ လုပ်ပြမယ်။ 
ဒီဟာထက် မကောင်းဘူးဆိုရင် လူတွေ အပြစ်ပြောကြတော့မယ်။

ဒိုးလုံးက VCD တွေ DVD တွေ ရိုက်နေပြီဆိုတော့ Performance Art ကို စိတ်ဝင်စားလာပြီပေါ့လေ။
-Performance Art ကို စိတ်ပါလားဆိုရင် ကျွန်တော့်ရဲ့ ငယ်ငယ်က စိတ်တစ်ခုကို ပြောပြမယ်။ 
ကမ္ဘာကြီးပေါ်မှာ လေတိုက်လို့ သစ်ရွက်လေးတစ်ခု လှုပ်သွားတာဟာ အဓိပ္ပါယ် ရှိတယ်လို့။ 
အဲဒါဆိုရင် Performance Art က ကုန်သွားပြီ။ ဘယ်အရာမှ အလကားမဟုတ်ဘူး။
 လေတိုက်လို့ သစ်ရွက်ကလေး လှုပ်သွားရတယ်။ သစ်ရွက်ကလေး လှုပ်သွားရတဲ့ 
အကြောင်းရင်းက ဘာလို့လဲစဉ်းစား။ Performance ပဲ။ ဒါ ကျွန်တော်မြင်တဲ့ 
Performance Art ကတော့ အဲလိုပေါ့။

ပွဲတစ်ပွဲ (ဟိုတယ်ပွဲ) မှာ DL က မှော်ဆရာလိုလို ၀တ်လာခဲ့တယ်။ ခွဲစိတ်ခန်း ၀တ်စုံလိုလို 
ဝတ်လာခဲ့ဖူးလို့ မေးရတာ။ Performance ဓာတ်ကလေး ရှိပုံရလို့ပါ။
-ဥပမာ ကျွန်တော် “အငြိမ်”ပေါ့နော်။ ကျွန်တော့်ကို ကန်ထရိုက်က ပြောတယ်ပေါ့။ 
မတ်တပ်ထလို့ မရဘူးပေါ့နော်။ ထိုင်ပြီး ငြိမ်ငြိမ်ပဲ ဆိုရမယ်လို့ ဆိုခဲ့လို့ရှိရင် 
ကျွန်တော်က ဘယ်လိုမျိုး Performance လုပ်သွားသလဲဆိုတော့ ကျွန်တော့်ကိုယ် 
ကျွန်တော် အမျိုးမျိုး ခြယ်သ သွားမယ်။ ပြီးတော့ ထိုင်နေရတာကိုပဲ ရအောင် “က”မယ်။ 
ဒါကတော့ စိတ်တစ်ခုပေါ့နော်။ ဘာဖြစ်လို့လည်းဆိုတော့ လူတွေရဲ့ Attraction ကို 
စိတ်ဝင်စားမှု တစ်ခုကို ယူဖို့အတွက် Performance လုပ်ရမယ်။ သီချင်းကို ဒီလိုပဲ 
မတ်တပ်တက်ဆို၊ ဒါကတော့ သီချင်းဆိုတာပဲ။ ငါ့သီချင်းကို ကြားဖူးမထားဘူး။ 
နားမထောင်ဖူးတဲ့သူတွေကို ငါနံပါတ် (၁) Performance နဲ့မှ စပြီး ဆွဲဆောင်မယ် ဆိုတာပါ။

ပရိသတ်ကို Performance လုပ်တာကိုး။ ပရိသတ်နဲ့ ကိုယ်နဲ့မျှအောင် သူတို့ကို ခေါ်ရသေးတာကိုး။ 
တစ်ခါတစ်လေ ပရိသတ်က လိုက်မလာနိုင်တာတို့၊ ကိုယ်ကလည်း လိုချင်လွန်း အားကြီးသွားတာတို့၊ 
အဲဒါမျိုး ဖြစ်ဖူးမယ် ထင်တယ်။
-ပထမဦးဆုံး ဖြစ်ဖူးခဲ့တာကတော့ “မြရိပ်ညို”မှာ။ ကျွန်တော့် Life မှာ တစ်ခါမှ “ရေသန့်ဘူး” နဲ့
အပေါက်မခံခဲ့ရဖူးဘူး။ သူတို့တစ်တွေက စပြီး ရေသန့်ဘူးနဲ့ ပေါက်ကြတာ။ 
ကျွန်တော်က တောင်းပန်တယ်။ လာ ဆိုကြမယ်။ ဒါပေမယ့် အဲလို ဖြစ်သွားတာကတော့ 
ကျွန်တော်လည်း မှားတာပါပဲ။ ဘေးနားက လူတွေအားလုံးက ကျွန်တော့်သီချင်းကို လိုက်ဆိုကြတယ်။
 ဘေးနားက ၀ိုင်းလေးတစ်ဝိုင်းကပဲ ကျွန်တော့်ကို ရေသန့်ဘူးနဲ့ ပေါက်ခဲ့တာ။ အဲတော့ ကျွန်တော် 
Performance လုပ်နေတုန်း စိတ်အနှောင့်အယှက်ပေးနေတော့ Feel က “ငုပ်” ကရော။ 
အဲဒီအနားက Group ပဲ။ ကျွန်တော်တောင်းပန်တယ်။ မလုပ်ပါနဲ့။ လာပါ။ Happy New Year ပဲ။
 တောင်းပန်တယ်။ တောင်းပန်တဲ့ အချိန်မှာ ဘယ်လိုဖြစ်သွားတာလဲ ဆိုတော့ ကျွန်တော်ရှက်သွားခဲ့တယ်။ 
ကျွန်တော့် Life မှာ မရှိဘူး။ ကျွန်တော် အစွမ်းကုန်သလောက် “ပေး” နေတာပါ။ အဲဒီမှာ သူတို့က 
သူတို့ကို စော်ကားနေတယ်လို့ ယူဆပြီး ရေသန့်ဘူးနဲ့ ပေါက်တာနေမှာပေါ့။ 
အဲဒီမှာတင် ကျွန်တော်ရှက်သွားတာ။ ငါတကယ်တော့ အဲဒီလိုမျိုး ဖြစ်နေရပါလား၊
သူတို့ ရေသန့်ဘူးနဲ့ ပေါက်ရလောက်အောင် ဖြစ်ရပါလားဆိုပြီး နည်းနည်း ရှက်တဲ့စိတ်ကလည်း 
ပါသွားတာပေါ့။ အဲဒီမှာတင် ဘာတွေ ဖြစ်သွားသလဲ မသိပါဘူး။ ၆ သိန်းခွဲတော့ ထွက်သွားတော့တာပဲ။ 
အမှန်က “ကတ်ကိုဘိန်း” ကိုအားကျလို့ အတုခိုးလို့ မဟုတ်ပါဘူး။ မွဲသွားတယ်။ လုံးဝမွဲသွားမယ်။ 
အဲဒီညက ပွဲက ဆုံးနေပါပြီ။ အဲဒီအချိန်မှာ အပိတ်ကလေးပေါ့။ Alternative ပိတ်တာကတော့ 
တစ်မျိုးပေါ့နော်။ ခုဖြစ်ရပ်ကို Performance သက်သက်လို့ပဲ ယူဆလိုက်ကြပါလို့။ 
ဒီဖြစ်ရပ်ဟာ ကျွန်တော် ပရိသတ်ကို လုံးလုံး မစော်ကားဘူး။ ပရိသတ်ကို ကျွန်တော် 
တကယ်လေးစားပါတယ်။ ကျွန်တော် တောင်းပန်စာတစ်စောင် ရေးမယ်လို့ပါ။ 
အဲဒီစာရေးပြီးတော့ မဂ္ဂဇင်းတွေ၊ ဂျာနယ်တွေကနေ ဖြန့်မယ်ဗျာ။ ကျွန်တော် အေးဆေး။ 
အပီအပြင်ရေးချင်တာ။ ရေးပြီးမှ အကုန်လုံးကို လိုက်ပို့မှာ။ တောင်းပန်စာထည့်မှာ။ 
အစ်ကိုကလည်း ပရိသတ်မုန်းအောင် မရေးလိုက်နဲ့ဦးနော်။
ဟုတ်ပြီဗျာ။
.................................................... သိမ်းတင်သား
အမှတ်(၂၁၉) မတ်၊ ၂၀၀၃ ခုနှစ် ၊ မဟေသီ ရုပ်စုံမဂ္ဂဇင်း
Credit - We Love Music



Twitter Delicious Facebook Digg Stumbleupon Favorites More